Website တည်ဆောက်နေတဲ့ Developer, Website Owner တစ်ဦးအနေနဲ့ ဒေတာဘေ့စ် (Database) နဲ့ Custom file တွေကို အပိုကူးယူ သိမ်းဆည်းထားဖို့ (Backup) မဖြစ်မနေ အထူး လိုအပ်ပါတယ်။
အင်တာနက်မှာ ရှာဖွေကြည့်လိုက်မယ် ဆိုရင်
စတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို မြင်ရသိရပါလိမ့်မယ်။
ကျွန်တော်တို့ ကိုယ်တိုင်လည်း တစ်ချိန်ချိန်မှာ ကိုယ်တိုင် ကြုံကောင်း ကြုံရပါလိမ့်မယ်။ တစ်ခါတလေ ဝက်ဘ်ဆိုက် ယိုယွင်းပျက်စီးသွားတာ၊ မတော်တဆ မှားပြီး ဖျက်မိတာ ဒါမှမဟုတ် ပုံပျက်ပန်းပျက် ချွတ်ယွင်းသွားတာမျိုးတွေ ဖြစ်သွားတတ်ပါတယ်။
အဲဒီလို အခြေအနေဆိုးနဲ့ ကြုံလာရပြီဆိုရင် အကောင်းဆုံး ဖြေရှင်းဖို့ နည်းကတော့ ကြိုတင် သိမ်းဆည်းထားတဲ့ Backup file တွေကနေ Restore ပြန်လုပ်တာပဲ ဖြစ်ပါတယ်။
Drupal site developer တစ်ယောက်အနေနဲ့ ကိုယ့်ဝက်ဘ်ဆိုက်ရဲ့ ဒေတာဘေ့စ်ကို အလွယ်ဆုံးနဲ့ အမြန်ဆုံး ကူးယူသိမ်းဆည်းထားဖို့ နည်းလမ်းကတော့ Backup & Migrate module ကို အသုံးပြုတာပဲ ဖြစ်ပါတယ်။ ဒီမော်ဂျုးကို သုံးပြီး ကိုယ့်ရဲ့ Drupal site ကို အချိန်မှန်မှန် Backup လုပ်ခိုင်းထားလို့ ရပါတယ်။ Drupal ဝက်ဘ်ဆိုက်တစ်ခုကို အရေးပေါ် ပြန်လည် ပြင်ဆင်ဖို့ လိုအပ်တဲ့ အချိန်အခါမျိုးတွေ (Emergency Recovery) ၊ Drupal ဆိုက်တစ်ခုနဲ့ တစ်ခု ပေါင်းဖို့ လိုအပ်တဲ့ အခါမျိုးတွေမှာ (Site Migration) အရမ်းကို အသုံးတည့်တဲ့ Module လည်း ဖြစ်ပါတယ်။ အလိုအလျောက် Backup လုပ်ပေးပြီး ကိုယ့်ဆိုက်ရဲ့ Directory တစ်ခုခုထဲကို သိမ်းခိုင်းထားတာမျိုးလည်း လုပ်လို့ ရပါသေးတယ်။ အထူးသဖြင့် Development လုပ်နေတဲ့ အချိန်တွေမှာ ကိုယ့်ဆိုက်ကို မကြာခဏ Backup လုပ်သိမ်းဆည်းဖို့ အထူး အရေးကြီးပါတယ်။

တကယ်လို့ ကိုယ့်ဆိုက်မှာ ရှုပ်ထွေးတဲ့ တည်ဆောက်မှုတွေ လုပ်ဖို့ လိုအပ်လာတဲ့ အခါမျိုးတွေမှာ ဒီမော်ဂျုးကို သုံးပြီး Manually backup လုပ်နိုင်ပါသေးတယ်။ အဲလို လုပ်ထားတဲ့အတွက် မတော်တဆ အမှားတစ်ခုခု ကြုံခဲ့ရင်တောင် နောက်ဆုံးအနေအထားကို အလွယ်တကူ ပြန်ရပါလိမ့်မယ်။
တကယ်တော့ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက် Database ကို Hosting မှာ ပေးထားတဲ့ Software Tool တစ်ခုခုကို သုံးပြီးတော့ ဖြစ်ဖြစ်၊ PhpMyAdmin ကို သုံးပြီးတော့ပဲ ဖြစ်ဖြစ် Backup လုပ်လို့ ရပါတယ်။ ဒါပေမယ့် အဲဒီလို Backup လုပ်မယ်ဆိုရင် Database တစ်ခုလုံးကို Backup လုပ်လိုက်မှာ ဖြစ်တဲ့အတွက် ရလာတဲ့ ဖိုင်မှာ ကျွန်တော်တို့ အတွက် တစ်ကယ် မလိုအပ်တဲ့ Table တွေနဲ့ Data တွေလည်း ပါလာ ပါလိမ့်မယ်။
မလိုအပ်တဲ့ Table နဲ့ Data တွေဆိုတာ Drupal Cache Table ထဲက အချက်အလက်တွေကို ဆိုလိုတာပါ။ Drupal ရဲ့ Cache table တွေဟာ တစ်ခါတရံမှာ 1 Gb လောက်အထိ ရှိနေတတ်ပြီး အဲဒီ Data တွေဟာ Backup လုပ်ဖို့ မလိုအပ်တဲ့ Data တွေ ဖြစ်ပါတယ်။ phpMyAdmin ကို သုံးမယ်ဆိုရင် Cache Table တွေကို ချန်ပြီး Backup လုပ်လို့ ရပါတယ်။ ဒါပေမယ့် Backup & Migrate module ကို သုံးမယ်ဆိုရင်တော့ Cache Table တွေရဲ့ Structure နဲ့ ကျန်တဲ့ Table တွေထဲက Data တွေကိုပဲ Backup လုပ်ပါလိမ့်မယ်။
ကိုယ့်ရဲ့ Database နဲ့ ဝက်ဘ်ဆိုက်မှာ ပါဝင်တဲ့ အကြောင်းအရာတွေကို အခုလို ဖိုင်တစ်ခု အဖြစ်နဲ့ သိမ်းဆည်းထားတာဟာ တစ်ကယ်တော့ လုံခြုံရေးအရ စိတ်မချရပါဘူး။ User Account တွေ၊ စကားဝှက်တွေနဲ့ ကျန်တဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို အလွယ်တကူ ကြည့်လို့ ရတဲ့အတွက် ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်က ပြန်ကြည့်ရင်တော့ အရေးကြုံတဲ့အခါမှာ Recovery ပြန်လုပ်နိုင်တဲ့ အတွက် အကျိုးရှိနေ ပြန်ပါတယ်။
ကျွန်တော်တို့ရဲ့ Drupal site တစ်ခုကို Localhost ကနေ Web Hosting ပေါ်ကို ရွှေ့ပြောင်းတဲ့ အချိန်မှာ ဖြစ်ဖြစ်၊ Hosting တစ်ခုကနေ နောက်တစ်ခုကို ရွှေ့တဲ့ အခါမှာ ဖြစ်ဖြစ် Backup & Migrate module ကို သုံးပြီး၊ Content Types, Views များအပါအဝင် ဆိုက်တစ်ခုလုံးရဲ့ အချက်အလက်တွေကို အလွယ်တကူ နေရာ ရွှေ့နိုင်ပါတယ်။
Drush (Drupal Shell) ကို သုံးနေတဲ့ သူတွေအတွက်ကတော့ Drupal Database တစ်ခုလုံးနဲ့ ဖိုင်တွေအားလုံးကို Command Line ကနေ အလွယ်တကူ Backup လုပ်နိုင်ပါတယ်။ အသုံးပြုရမယ့် Command က archive-dump ပါ။ Drush နဲ့ Backup & Migrate module ကိုလည်း အတူတွဲပြီး သုံးနိုင်ပါသေးတယ်။ Drush နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေနဲ့ Drush ကို Insatll လုပ်နည်းတွေ၊ အသုံးချနည်းတွေကို ထပ်သိချင်သေးတယ် ဆိုရင်တော့ Managing and Administering Drupal Sites With Drush - Resources & Videos မှာ လေ့လာနိုင်ပါတယ်။
Reference - http://drupal.org/node/839648
Add new comment