Drupal and CMS Best Practices

"ဝက်ဘ်ဆိုက်တစ်ခုလို့ ပြောလိုက်တာနဲ့ ငယ်တယ်ကြီးတယ် ဆိုတာ မရှိပါဘူး။ တစ်ဦးတစ်ယောက် အတွက်တော့ အရေးကြီးနေတာပါပဲ။"

တစ်ကယ်လို့ သင်ဟာ Drupal CMS မှာ အချိန်ယူ အလုပ်လုပ်တော့မယ်ဆိုရင်တော့ ရေရှည်မှာ အချိန်ကုန် လူပန်းမဖြစ်ရလေအောင် အလေ့အကျင့်ကောင်း (Best Practices) အချို့ကို လိုက်နာကျင့်သုံးသင့်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ လမ်းညွှန်ချက်တွေဟာ အကြံပြုချက်များသာဖြစ်ပြီး သင်ဖန်တီးနေတဲ့ ဝက်ဘ်ဆိုက်နဲ့ ကိုက်ညီတဲ့ အချက်များကိုသာ လိုအပ်သလို ရယူ အသုံးပြုဖို့ ဖြစ်ပါတယ်။ Drupal အတွက် ရည်ရွယ်ရေးသားထားတာ ဖြစ်ပေမယ့် အခြား CMS များအတွက်လည်း အသုံးဝင်မှာပါ။

အောက်မှာ ဖော်ပြထားတဲ့ စာရင်းတွေဟာ အမြန်ကြည့်နိုင်အောင် အကျဉ်းချုပ်ရေးသားထားတာ ဖြစ်ပါတယ်။ အသေးစိတ်ကို နောင်မှာ အပြည့်အစုံ ဆက်ရေးသွားပါမယ်။

  • အစီအစဉ်ချပါ (Plan your site) - ဝက်ဘ်ဆိုက်ကောင်းတစ်ခု တည်ဆောက်နိုင်ဖို့အတွက် လိုအပ်တဲ့ ကိရိယာတန်ဆာပလာ တွေကို Drupal ကနေ ကျွန်တော်တို့ အလွယ်တကူ ရယူ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ပထမဆုံး အစီအစဉ်ချဖို့တော့ လိုအပ်ပါလိမ့်မယ်။ သေသေချာချာ ဖန်တီးထားတဲ့ Wireframe များနဲ့ စနစ်တကျ အစီအစဉ်ချထားတာတွေ ရှိမှ နောက်ပိုင်းမှာ ကြုံတွေ့လာနိုင်တဲ့ ပြဿနာများနဲ့ နားလည်မှုလွဲမှားခြင်းများကို ကြိုတင် ရှောင်လွှဲနိုင်ပါလိမ့်မယ်။
  • အနာဂါတ်အတွက် အစီအစဉ်ချပါ (Plan for the future) - Drupal ဟာ ၂ နှစ်တစ်ခါလောက် Major version အသစ် ထွက်လေ့ရှိပါတယ်။ အဲလို ထွက်လာတိုင်း ကျွန်တော်တို့ရဲ့ Drupal ဆိုက်ကို လိုက်ပြီး အဆင့်မြှင့်ဖို့တော့ မလိုပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ကိုယ့်ဝက်ဘ်ဆိုက်ကို ပြန်ပြီး စစ်ဆေးတာ၊ ခြုံငုံသုံးသပ်တာတွေ လုပ်ဖို့တော့ လိုပါလိမ့်မယ်။ လိုအပ်ရင် Upgrade လုပ်နိုင်အောင် အစကတဲက အစီအစဉ် ကြိုဆွဲထားဖို့ လိုပါလိမ့်မယ်။
  • ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံပါ (Get involved in the community) - အလုပ်လုပ်ရင်းနဲ့ ပြဿနာတွေ ကြုံရတတ်တာ သဘာဝပါပဲ။ Drupal community မှာ ပါဝင်ပတ်သက်ခြင်းအားဖြင့် သင့်အခက်အခဲများကို မေးမြန်း အကူအညီတောင်းနိုင်သလို၊ အခြားသူများရဲ့ အခက်အခဲများကိုလည်း သင်တတ်နိုင်သလောက် အကူအညီ ပေးနိုင်ပါလိမ့်မယ်။ ဒါတင်မကသေးပါဘူး Development trend များနဲ့လည်း ရင်းနှီးကျွမ်းဝင်လာပြီး သင်ရဲ့ လက်ရှိနဲ့ နောင်လာမယ့် ပရောဂျက်များအတွက် အကြံဉာဏ်ကောင်း စိတ်ကူးကောင်းများလည်း ရရှိနိုင် လာပါလိမ့်မယ်။
  • အပိုထားပါ (Back up your site) - သင့်ရဲ့ Database နဲ့ File တွေအားလုံးကို ဆာဗာပေါ်မှာရော ကိုယ့်ကွန်ပျူတာထဲမှာပါ အပိုကူး (Backup) ထားပါ။ ပြီးတော့ အဲဒီ အပိုကိုသုံးပြီး ကိုယ့်ဆိုက်ကို တစ်နေရာမှာ အစမ်း Recover ပြန်လုပ်ကြည့်ပါ။ အဲဒါ သိပ်ကို အရေးကြီးပါတယ်။ တကယ်လို့ စမ်းမထားမိဘူးဆိုရင် ကိုယ်လုပ်ထားတဲ့ Backup ဖိုင်တွေဟာ အရေးကြုံရင် တကယ်ပြန်သုံးလို့ ရ/မရ မသေချာတော့ပါဘူး။
  • Code များကို စမ်းသပ်ပါ (Test your PHP snippets) − Drupal မှာ ကျွန်တော်တို့ရဲ့ PHP Code တွေကို အလွယ်တကူ ထည့်သုံးနိုင်အောင် ဖန်တီးပေးထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် တခါတရံမှာ မတော်တဆ မေ့ပြီး ပါမလာတဲ့ Semi colon တစ်ခုလောက်က PHP code တွေကို အလုပ်မလုပ်အောင် တားဆီးလိုက်တာမျိုးအထိ ဖြစ်စေတတ်ပါတယ်။ ကံမကောင်းရင် ဝက်ဘ်ဆိုက်တစ်ခုလုံး ရုပ်ပျက်ဆင်းပျက် ချွတ်ယွင်းသွားတတ် ပါသေးတယ်။ PHP Code တွေကို အလွယ်တကူနဲ့ စိတ်အချရဆုံး စမ်းသပ်နိုင်တဲ့ နည်းလမ်းကတော့ Story သို့မဟုတ် Page အသစ်တစ်ခု ဖန်တီးပြီး၊ PHP input format ကို အသုံးပြုကာ ကိုယ်စမ်းချင်တဲ့ PHP Code တွေကို ထည့်သွင်း ရေးသားခြင်း၊ အစမ်းကြည့်ခြင်း (Preview)၊ အမှားရှာခြင်း (Debugging) များ ပြုလုပ်နိုင်ပါတယ်။ စိတ်ကြိုက်ဖြစ်လို့ အမှားအယွင်း မတွေ့တော့ဘူးဆိုမှ ကျန်တဲ့ Block လိုနေရာတွေမှာ စိတ်ချလက်ချ ထည့်သုံးနိုင်ပါလိမ့်မယ်။

ဆက်လက် ရေးသားဝေမျှ သွားပါမည်...

Reference - http://drupal.org/best-practices

Comments

အကိုရေ
ကိုစေတန်ဆီမှာတင်ပေးထားတဲ့ webfont ကိုတင်တာ အဆင်မပြေဘူးဖြစ်နေပါတယ်။ တင်လို့တော့ရပါတယ်။ အလုပ်မလုပ်ဘူးဖြစ်နေလို့ပါ။
ဘယ်လိုသုံးရတယ်ဆိုတာ ရှင်းပြပေးလို့ရမလားမသိဘူးဗျာ။
ကျနော်ဆိုဒ်ကို joomla ကနေ drupal ပြောင်းဖို့ အခုစမ်းနေတာဖြစ်ပါတယ်။ drupal ဆိုဒ်မှာ Unicode ကိုပြောင်းသုံးဖို့ အစီအစဥ်ရှိလို့ပါ။
နောက်ပြီးတော့ drupal ဆိုဒ်မှာ comment ပေးတဲ့အခါ user က ဇော်ဂျီနဲ့ ကွန်မန့်ပေးရင်လည်း ဖတ်လို့ရချင်ပါတယ်။
ကျေးဇူးပြုပြီးတော့ဖြေပေးပါလားခင်ဗျာ။

ညီလေး ထွန်းအောင်
အခုရော ရသွားပြီလား
အဆင်မပြေ ဖြစ်နေတုန်းလား

အစ်ကို ဒီပို့စ်နဲ့တော့ မဆိုင်ပါဘူး ၊

ကျွန်တော်မေးချင်တာလေးရှိလို့။
1) Drupal မှာ Feed Aggregator လုပ်တဲ့အခါ "subscribe rss" ရှိတဲ့ ဝက်ဆိုက်ဒ်တွေပဲ ကိုယ့်ဆိုက်ဒ်မှာ feed တွေထည့်လို့ရတာလား။
2) "subscribe rss" မရှိတဲ့ ဝက်ဆိုက်ဒ်တွေက content တွေကိုကော ကိုယ့်ဆိုက်ဒ်မှာ feed ထည့်လို့ရလား ။
ထည့်လို့ရရင်ဘယ်လိုထည့်ရသလဲခင်ဗျ ။

ကျွန်တော် myanmartotorials.com, saturngod.net, time.com, nytimes.com
...အစရှိတဲ့ website တွေက feed တွေကို ကျွန်တော်ထည့်လို့ရတယ် ၊ ပေါ်တယ် ၊ ဒါပေမယ့် အစ်ကို့ဆိုက်ဒ်ကို ကျွန်တော်ရဲ့ localhost (online ရ) နဲ့run နေတဲ့ဆိုက်ဒ်မှာ feed ထည့်တာမပေါ်ဘူး ၊ ဘာကြောင့်လဲမသိဘူးခင်ဗျာ။ ဒီလို Module မျိုးရှိလားအစ်ကို ၊

3) ကျွန်တော် facebook မှာ ကျွန်တော် တစ်ခုခု update လုပ်တိုင်း ကျွန်တော် ဆိုက်ဒ်ရဲ့သတ်မှတ်ထားတဲ့ Blog တစ်ခုမှာ ပေါ်နေအောင် လုပ်လို့ရလား ။

ကျေးဇူးတင်ပါတယ်အစ်ကို။

ညီလေး
http://feeds.feedburner.com/mmshare ကို သုံးကြည့်ပါလား မရရင် ထပ်ပြောနော်
အကို့ဆိုက်ကို မြန်မာကနေ တိုက်ရိုက်ကြည့်လို့ ရသွားပြီလား?
အရင်ကတော့ ကျော်ကြည့်မှ ရတယ်ကြားတယ် :)

နောက်ဆို mmshare မှာ Drupal Qusetions & Answer လုပ်တော့မှာပါ
အဲဒီအချိန်ကျရင်တော့ မေးခွန်းတွေနဲ့ အဖြေတွေကို စုစည်းထားလို့ ရမှာပါ

http://feeds.feedburner.com/mmshare ကို သုံးကြည့်တယ် အစ်ကို ၊ မရဘူး ။ အကို့ဆိုက်ကို မြန်မာကနေ တိုက်ရိုက်ကြည့်လို့ ရသွားပြီ :) ။ "နောက်ဆို mmshare မှာ Drupal Qusetions & Answer လုပ်တော့မှာပါ" အဲဒါဆိုရင်တော့ အရမ်းကောင်းတယ် အစ်ကို

Hey Bro,
Try again with http://mmshare.org/rss.xml
Hope this work well :)

THANKS alot sharing knowledge.
I am late to know your site.
I will be read everyday.....

So Thanks,

Glad to know mmshare.org is useful for you, "phyo" :)
You are welcome.

I am sorry for late reply, bro. "http://mmshare.org/rss.xml " works well. Thanks a lot.

ညီမက Drupal ကို စသုံးကြည့်မလို့ပါ.... ပထမဆုံးစသုံးတဲ့ CMS ပါ.. :)
မေးချင်တာက content တွေကို edit လုပ်ဖို့ authority ရတဲ့ userဆိုရင် content ကို view နဲ့ edit ဆိုပြီး tab 2ခုနဲ့မြင်ရတယ်လေ.....
အဲလိုမဟုတ်ပဲ view မှာပဲ double click ခေါက်ပြီး edit လုပ်လို့ရအောင်ရေးလို့ရလား...
ဆိုလိုတာက .. edit လုပ်တဲ့ Form ပုံစံကိုကိုယ့်စိတ်ကြိုက်ပြောင်းလို့ရပါသလား .... view နဲ့ edit ကို tabs 2ခု မခွဲပဲ design တူတူဖြစ်ချင်တာ....
အဲဒါကိုသိမှဒီ Project အတွက် drupal ကိုသုံးဖြစ်မသုံးဖြစ်ဆုံးဖြတ်ရမှာမို့ပါ....
ကျေးဇူးတင်ပါတယ်....

 

ညီမ လဲ့ဝေရေ

editablefields http://drupal.org/project/editablefields ဆိုတဲ့ Module လေးကို စမ်းသုံးကြည့်ပါလား
Drupal 6 အတွက်ရော 7 အတွက်ရော အဆင်ပြေတယ်လို့ ရေးထားတယ် 
ဥပမာ − Permission ရှိတဲ့ သူတစ်ယောက်က node/123 ကို ပြင်ချင်တယ်ဆိုရင် node/123/edit အထိ သွားစရာမလိုဘဲ node/123 မှာပဲ တစ်ခါတည်း ပြင်နိုင်မယ်လို့ ရေးထားတာ တွေ့တယ် 

အကိုတော့ မစမ်းရသေးဘူး
သုံးဖို့တော့ သိပ်မခက်ဘူး ထင်ပါတယ်
ဘယ်လို ပရောဂျက်မှာ သုံးမှာလဲ နောက်ထပ်ရော ဘာအကူအညီ လိုသေးလဲ 
အဆင်ပြေပါစေ.. 

 

ဟုတ်ကဲ့ သုံးကြည့်လိုက်ပါအုံးမယ်...
ခုတော့ဘာပြန်မေးရမယ်ဆိုတာမသိသေးဘူး။ :D
ကျေးဇူးတင်ပါတယ်..

Add new comment