ကွန်ပျူတာစနစ် သို့မဟုတ် ကွန်ရက်တစ်ခုကို ထိန်းသိမ်းကိုင်တွယ်ခြင်း၊ ဖြစ်ပေါ်လာသည့် ပြဿနာများကို အဖြေရှာ ရှင်းလင်းခြင်းများကို ဆောင်ရွက်ရသည်မှာ သိပ္ပံပညာရပ်များ ပေါင်းစပ်ဆက်နွယ်နေသည့် အနုပညာတစ်ရပ် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ မှန်ကန်သော နည်းလမ်းများကို စနစ်တကျ အသုံးပြုနိုင်မည်ဆိုပါက ပြဿနာရှိနေသည့် ကွန်ပျူတာတစ်လုံးကို ဖြစ်စေ၊ ကွန်ရက် တစ်ခုလုံးကို ဖြစ်စေ စိစစ်၊ အဖြေရှာ ရှင်းလင်းနိုင်မည် ဖြစ်သည်။
သာမန် ကွန်ပျူတာ အသုံးပြုနေသူ တစ်ဦးဖြစ်စေ၊ ကွန်ပျူတာနှင့် ကွန်ရက်ဆိုင်ရာ ပြဿနာများကို ကိုယ်တိုင်ဖြေရှင်းနိုင်ရန် စတင်လေ့လာနေသူ (Beginner) တစ်ဦးဖြစ်စေ၊ အတွေ့အကြုံရင့် Help Desk Analyst သို့မဟုတ် System Administrator တစ်ဦးဖြစ်စေ ယခုတင်ပြမည့် အကြောင်းအရာများက တစ်ထောင့်တစ်နေရာမှ တစ်နည်းတစ်ဖုံ အထောက်အကူပြုနိုင်မည်ဟု ယုံကြည် မျှော်လင့်စွာဖြင့် ေ၀မျှခြင်း ဖြစ်ပါသည်။
ဆွေးနွေးချက် အများစုတွင် ကျွန်တော်တို့အနေဖြင့် ယခု အချိန်အထိ အသုံးပြုနေကြရဆဲဖြစ်သည့် Microsoft Windows စနစ်သုံး ကွန်ပျူတာများတွင် တွေ့ကြုံကြရမည့် ပြဿနာ အများစုအတွက် အဖြေရှာနိုင်မည့် နည်းစနစ်များနှင့် အသုံး၀င်မည့် Tools များကို လေ့လာရမည် ဖြစ်သည့်အတွက် ပြဿနာ အတော်များများကို ကိုယ်တိုင် လွယ်လင့်တကူ ဖြေရှင်းနိုင်သွားမည် ဖြစ်ပါသည်။
အစပိုင်းတွင် ပြဿနာများကို စီစစ်လေ့လာခြင်းနှင့် အဖြေရှာခြင်း၊ ဖြေရှင်းခြင်းဆိုင်ရာ နည်းလမ်းများကို လေ့လာကြရမည် ဖြစ်ပြီး၊ နောက်ပိုင်းတွင် Microsoft မှ ထုတ်လုပ်ထားသည့် Troubleshooting Tool အချို့ကို အသုံးချနိုင်ရန်အတွက် အသေးစိတ် လေ့လာကြရမည် ဖြစ်ပါသည်။
ကွန်ပျူတာဆိုင်ရာ ပြဿနာများကို ဖြေရှင်း၊ ပြင်ဆင်ရာတွင် -
မဖြစ်မနေ လိုအပ်သည့်အတွက် ယခုဆွေးနွေးသွားမည့် အကြောင်းအရာများက ပညာလိုလားသူများအားလုံး အတွက် များစွာ အထောက်အကူပြုနိုင်မည်ဟု ယုံကြည်မျှော်လင့်မိပါသည်။/p>
ဆက်ရန်...
Remark - http://edu.mysteryzillion.org/ ၏ ပထမ Version (Tuesday, 5 August 2008, 11:02 PM) တွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို mmshare.org တွင် ပြန်လည် စတင်ခြင်းဖြစ်ပါသည်။ ယခင်က အပိုင်း (၁) နှင့် (၂) အပြီးတွင် MZ Edu ရပ်တန့်ခဲ့ရာ ဆက်လက် မဆွေးနွေးဖြစ်တော့ဘဲ ယခု ဆက်လက်ပြီး ကျန်အပိုင်းများကိုပါ ဤနေရာမှ ဆက်လကေ်၀မျှသွားပါမည်။
Add new comment