Facebook မှာ ညီလေး NYA က မေးထားတဲ့ Taxonomy နဲ့ ပတ်သက်တဲ့ မေးခွန်းလေးနဲ့ ကျွန်တော် ပြန်ဖြေထားတဲ့ အဖြေကို ကျန်တဲ့ ညီအကို မောင်နှမတွေလဲ သိရအောင် ဒီမှာ ဝေမျှပေးလိုက်ပါတယ်။ ဒီမေးခွန်းကလည်း သူ့အတွေ့အကြုံအရ အမှန်တကယ် ရင်ဆိုင်နေရတဲ့ ပြဿနာဆိုတာ သိသာသလို ကျွန်တော်လည်း Drupal ကို စလေ့လာကာစက ကိုယ်တိုင် ဒီလို အခက်အခဲမျိုး ကြုံခဲ့ဖူးပါတယ်။ အဲဒီကနေ Taxonomy ကို ပိုနားလည်လာတဲ့ နောက်မှာ ကျန်တဲ့ သူတွေလည်း အခက်အခဲ မရှိရအောင် Understanding Taxonomy For Information Architecture in Websites and Drupal CMS ဆိုပြီး ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါတယ်။
ဆောင်းပါးကို Facebook မှာ Share လိုက်တော့ ညီလေး NYA က Comment ထဲကနေ အခုလို မေးပါတယ်။
Brother! When you are free, please explain to me this problem.
Compare "Creating Content Type" and "Taxonomy"News ဆိုတဲ့ Content Type တစ်ခုဆောက်မယ်ဆိုပါတော့။ Business news, Tech news အစရှိသည်ဖြင့် Taxonomy ခွဲတာနဲ့ Business news, Tech news, etc ဆိုပြီးတော့ Content Types တွေထပ်ဆောက်တာ ဘယ်ဟာပိုကောင်းလဲ။
Advantages of Taxonomy
Taxonomy ကိုသုံးတဲ့အခါ Content Type တွေ ဖောင်းပွမှုမရှိဘဲ အဆင်ပြေမယ်ဗျာ။ View ထဲမှာလည်း Filter လုပ်ရတာ အဆင်ပြေတယ်။ အဲဒါကတော့ Taxonomy ရဲ့ အားသာချက်ပေါ့နော်။ ဒါပေမယ့်လည်း Content Type ကိုသုံးရတာက ပိုကောင်းသလိုပဲ၊ Content Type တွေ ဖောင်းပွတာတစ်ခုကလွဲရင် Taxonomy ခွဲတာရဲ့ အားသာချက်တွေ အကုန်ရတာပဲ
Advantages of Creating Content Type
Taxonomy ကိုမသုံးဘဲ Content Type ကိုသုံးလို့ရတဲ့ အားသာချက်တွေပြောမယ်ဗျာ။ Business news ဆိုတဲ့ Content Type ၊ Business news တိုင်းရဲ့ စာမျက်နှာအောက်ခြေမှာ Related Business News ဆိုပြီးထည့်မယ်၊
ဒါဆိုရင် View မှာ Related Business News ဆိုပြီး View Block တစ်ခုဆောက်မယ်။ Content Type: Business ရဲ့ title ဆိုပြီး Filter လုပ်မယ်။ ဒါဆိုရင် အရှင်းလေးပဲ။ URL Aliases မှာ Pattern for all News paths ဆိုတဲ့နေရာမှာ [node:content-type]/[node:title] ဆိုပြီးသတ်မှတ်လိုက်ရင် ပြီးပြီ။
May be Disadvantage of Taxonomy
Business News ဆိုပြီး Content Type တစ်ခုမလုပ်ဘဲနဲ့ Taxonomy နဲ့ခွဲရင် [term:vocabulary]/[term:name] က URL Aliases အတွက် Pattern for all News paths ဆိုပြီးပေါ်နေပေမယ့် Content Type က News ၊ Taxonomy က Business ။ အဲဒီ pages တိုင်းရဲ့ အောက်ခြေမှာ Related Business News ဆိုပြီးဖော်ပြဖို့ အတွက်ကျတော့
[node:content-type]/ [term:vocabulary]/[term:name]/[node:title] လို့သတ်မှတ်ပေးလို့ မရဘဲ error တက်တယ်။
Please give me an advice
Content Type တွေလည်း ဖောင်းပွမနေချင်ဘူး။ Business news တိုင်းရဲ့ စာမျက်နှာအောက်ခြေမှာ Related Business News ဆိုပြီး ပေါ်စေချင်တယ်။ အဲဒါဆိုဘယ်လိုလုပ်ရမလဲ ။ Drupal အကြောင်းသိသူများ ဝိုင်းဝန်းဆွေးနွေး အဖြေရှာပေးကြပါကုန်လော့
P.S – Taxonomy က Find Content လုပ်တဲ့အခါလည်းစစ်လို့ မရပြန်ဘူး ။ Content Type ခွဲထားရင်က ရတယ်။
ဒါကတော့ ကျွန်တော့် အဖြေပါ။
Structure တူတဲ့ Content Type တွေအများကြီး ဖန်တီးမယ့်အစား Taxonomy တွေ အများကြီး စိတ်တိုင်းကျ ဖန်တီးပြီး Organize လုပ်တာက ပိုကောင်းတာပေါ့။ Manage & Maintenance လုပ်ရတာ အရမ်းလွယ်ပြီး အချိန်ကုန်လည်း သက်သာမယ်။
ဉပမာ Business news, Tech news ဆိုတဲ့ Content Type တွေက Structure တူတယ် ဆိုရင် −
စာဖတ်သူ ညီအကို မောင်နှမများလည်း Drupal, Website Performance, Website Development, SEO စတာတွေနဲ့ ပတ်သက်လို့ မေးချင်တာ ရှိရင် အခုလို မေးလို့ရပါတယ်။ တတ်နိုင်သလောက် သိသလောက်တော့ ဖြေပေးဖို့ အဆင်သင့်ပါပဲ။ မသိသေးတာတွေ အတွက်လည်း အခုလို ဝိုင်းဝန်း အဖြေရှာနိုင်ရင် ခဏလေးနဲ့ အချိန်တိုအတွင်းမှာ အဖြေတစ်ခုခု ရမှာပါ။
Add new comment