ဝက်ဘ်ဆိုက်တစ်ခုသို့ လာရောက်လည်ပတ်သူများ အတွက် ဝက်ဘ်ဆိုက်မြေပုံ (Site Map) တစ်ခု ပြုလုပ်ပေးထားသင့်ကြောင်း Google ၏ Webmaster Guidelines များတွင် အကြံပြုထားသည်။ ဝက်ဘ်ဆိုက်များ တည်ထောင်ရသည့် ရည်ရွယ်ချက်များစွာ အနက် တစ်ခုမှာ “ရောက်လာသည့် ဧည့်သည်များအတွက် အသုံးဝင်သည့် သတင်းအချက်အလက်များ ပေးရန်” (To provide useful information for Site Visitors & Users) ဖြစ်သည်။ မိမိ၏ Web site ရှိ သတင်းအချက်အလက်များမှာ လာရောက်သူများအတွက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေး၊ နည်းပညာ၊ အတွေးအခေါ်ကောင်း၊ နည်းလမ်းကောင်း စသည်ဖြင့် တစ်ခုခု အကျိုးဖြစ်ထွန်းသွားစေရန် လိုအပ်သည်။ ထို့ပြင် ထိုအချက်အလက်များကို အချိန်တိုအတွင်း ချက်ချင်း တွေ့မြင်သွားစေနိုင်မည့် နည်းလမ်းများ ကိုလည်း ပြုလုပ်ပေးထားရန် လိုအပ်သည်။ ဤအချက်မှာ လူသားဧည့်သည်များ (Human Visitors) နှင့် အင်တာနက် ရှာဖွေရေးအင်ဂျင် (Internet Search Engines) များကို ဆွဲဆောင်နိုင်သည့် အကောင်းဆုံးနည်းလမ်း တစ်ခု ဖြစ်လေသည်။

Site Map ကို အကြမ်းဖျင်းအားဖြင့် အမျိုးအစားနှစ်ခု ခွဲခြားသတ်မှတ်နိုင်သည်။ လာရောက်လည်ပတ်သူများ အတွက် Site Map (Site Map for Visitors & Users) နှင့် အင်တာနက် ရှာဖွေရေးအင်ဂျင်များ အတွက် Site Map (Site Map for Search Engines and Web Crawlers) တို့ ဖြစ်သည်။ Site Map for Visitors & Users ကို အများအားဖြင့် လူတိုင်း အလွယ်တကူ မြင်တွေ့နိုင်သည့် နေရာတွင် ထားရှိလေ့ ရှိကြပြီး၊ Web Page တစ်ခုအနေဖြင့် မြင်တွေ့နိုင်သည်။ Site Map for Search Engines & Web Crawlers ကို xml ဖိုင်တစ်ခု အနေဖြင့် Web site ၏ Root အောက်တွင် ထားရှိသည်။ ထို့ကြောင့် Human Visitor များအနေဖြင့် Search Engine များအတွက် ပြုလုပ်ပေးထားသည့် Site Map ကို အလွယ်တကူ မြင်တွေ့ရန် မလွယ်ကူပေ။
Website တစ်ခုရှိ Site Map သည် ထိုဝက်ဘ်ဆိုက်၏ အဓိက အရေးကြီးသည့် အစိတ်အပိုင်းများဆီသို့ လမ်းညွှန် ချိတ်ဆက်ထားရသည်။ အကယ်၍ Site Map တွင်ပါရှိသည့် အကြောင်းအရာများအားလုံးမှာ 100 ထက်ပိုများလျှင် သို့မဟုတ် Link အလွန်များနေလျှင် စာမျက်နှာများဖြင့် နေရာခွဲပြနိုင်သည်။ Site Map တစ်ခုတွင် သက်ဆိုင်ရာ Website တစ်ခုလုံးသို့ သွားရောက်နိုင်သည့် လမ်းကြောင်း (Link) များအားလုံး ပါရှိရသည်။ သို့မှသာ Search Engine Crawler များနှင့် User များအနေဖြင့် Website တွင်ပါရှိသည့် နေရာများ၊ အကြောင်းအရာများသို့ အလွယ်တကူ သွားရောက်နိုင်မည်။
Site Map တစ်ခုကို ဖွဲ့စည်းတည်ဆောက်သည့်အခါ ပါရှိသည့် အကြောင်းအရာများအလိုက် အုပ်စုများခွဲခြား ဖော်ပြနိုင်သည်။ တခါတရံတွင် Website များတွင်ပါရှိသည့် Drop Down Menu များသည်လည်း Site Map များနှင့် လုပ်ဆောင်ချက် တူညီသလို ထင်ရသည်။ သို့သော် ထို Menu များမှာ တစ်ကြိမ်လျှင် အစိတ်အပိုင်းအချို့ကိုသာ ဖော်ပြနိုင်သည်။ Site Map က သက်ဆိုင်ရာ Website တွင် ပါရှိသည့် အကြောင်းအရာများအားလုံးကို တစ်နေရာတည်းတွင် ချက်ချင်းမြင်တွေ့နိုင်စေရန် စုစည်းပေးထားသည်။
Site Map များရေးဆွဲရန်အတွက် ပညာယူ လေ့လာရန် အကောင်းဆုံးနည်းလမ်းမှာ စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားသည့် Web Site များရှိ Site Map များကို သွားရောက်လေ့လာ နည်းယူခြင်း ဖြစ်သည်။ အင်တာနက်ရှေ့ဆောင် နည်းပညာ ကုမ္ပဏီကြီးများ၏ Site Map အချို့ကို အောက်တွင် ရှာဖွေ စုစည်း ဖော်ပြပေးထားပါသည်။
Website တစ်ခုကို ဦးဆောင်တည်ဆောက်ရသည့် Webmaster တစ်ဦးအနေဖြင့် တည်ဆောက်ပြီးစီးသည့် Website ကို အဓိကကျသည့် အင်တာနက်ရှာဖွေရေး အင်ဂျင်များ (Major Search Engines) များဖြစ်သည့် Google, Yahoo, Bing တို့တွင် Submit ပြုလုပ်ရန် လိုအပ်သည်။ အင်တာနက် စီးပွားရေးလောက (Internet Business Environment) တွင် Search Engine Submission လုပ်ငန်းသည် SEO (Search Engine Optimization) Company များ၏ စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်သည်။
International Resources
Myanmar Resources
စာဖတ်သူ ညီအကို မောင်နှမများမှာလည်း Site Map နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အကြံဉာဏ်များ၊ အကြောင်းအရာများ၊ အင်တာနက်လိပ်စာများရှိခဲ့ရင် ပြန်လည် ဝေမျှပေးသွားကြဖို့ ဖိတ်ခေါ်ပါတယ်....
Add new comment