Google ၏ Webmaster Guidelines များတွင် ဝက်ဘ်ဆိုက်လမ်းကြောင်း (Website Links) များနှင့်ပတ်သက်သည့် လမ်းညွှန်ချက်တစ်ခုမှာ - ဝက်ဘ်ဆိုက်အတွင်း ပါရှိသည့် စာမျက်နှာတစ်ခုချင်းစီသို့ ရောက်ရှိနိုင်သည့် ပုံသေလမ်းကြောင်း (Static Text Link) တစ်ခုစီ အနည်းဆုံး ပါရှိရမည် (Every page should be reachable from at least one static text link) - ဟူ၍ ဖြစ်သည်။
ဝက်ဘ်ဆိုက်တစ်ခုတွင် ပါရှိသည့် စာမျက်နှာများကို ဆက်စပ် စုစည်းမိစေရန်အတွက် အချင်းချင်း ချိတ်ဆက်ပေးခြင်း (Linking) လိုအပ်သည်။ Webmaster, Web Developer, Web Designer သို့မဟုတ် Web Architect တစ်ဉီးအနေဖြင့် ထိုသို့ ချိတ်ဆက်ရန်အတွက် ချိတ်ဆက်မှု အမျိုးအစား (Linking Type) ကို ရွေးချယ်သည့်အခါ - ပုံသေလမ်းကြောင်း (Static link) နှင့် လမ်းကြောင်းရှင် (Dynamic link) ဟူ၍ ရွေးစရာ နှစ်ခု ရှိလာသည်။
ပုံသေလမ်းကြောင်း (Static Link) ဆိုသည်မှာ -
ဥပမာ - http://mmshare.org/article/text-links-guidelines-for-webmasters , http://www.example.com/static-link.html
လမ်းကြောင်းရှင် (Dynamic Link) ဆိုသည်မှာ -
ဥပမာ - http://www.example.com/index.php?option=com_content&view=article&id=72:2...
ဝက်ဘ်ဆိုက် (Website) တစ်ခုအတွင်း ထည့်သွင်းထားသည့် Flash ဖိုင်များအတွင်း ပါရှိသည့် ချိတ်ဆက်မှုများကို မျက်စိဖြင့်မြင်ပြီး၊ လက်ဖြင့် ကိုင်တွယ်နိုင်သည့် လူသားများ အနေဖြင့် အလွယ်တကူ အသုံးပြုနိုင်သော်လည်း၊ Search Engine များအနေဖြင့် မမြင်ရသည့် ချိတ်ဆက်မှုများ (Unseen Links) ဖြစ်နေသည်။ (There are no static links in flash websites for Search Engines.)
Flash ကို အသုံးပြုထားသည့် ဝက်ဘ်ဆိုက် (Websites) များမှ လူသားများအနေဖြင့် သာမန်ဝက်ဘ်ဆိုက် များတွင် မရနိုင်သည့် အခြားသော ကောင်းကျိုး များစွာရရှိနိုင်သော်လည်း၊ Search Engine များအတွက်ဆိုလျှင် Flash ဖိုင်တစ်ခုမှာ ရိုးရိုးဝက်ဘ်ဆိုက်တစ်ခုရှိ စာပိုဒ်တစ်ပိုဒ်မျှပင် အသုံးမ၀င်ပေ။
ထို့ကြောင့် Flash များဖြင့်သာ တည်ဆောက်ထားသည့် ဝက်ဘ်ဆိုက် (Flash Website) တစ်ခုကို Search Engine များက မွှေနှောက်ဖတ်ရှုခြင်း (Crawling) နှင့် အညွှန်းပြုစုခြင်း (Indexing) များ မလုပ်နိုင်ကြပေ။ အကျိုးဆက်မှာ Flash Website များအတွင်း ပါရှိသည့် အကြောင်းအရာများကို အင်တာနက် ရှာဖွေရေးအင်ဂျင်များမှတဆင့် ရှာဖွေ၍ မရနိုင်တော့ခြင်း ဖြစ်သည်။
Database များအတွင်း အကြောင်းအရာ၊ အချိန် စသည့်တို့ကို အခြေခံမှတ်သားထားပြီး အင်တာနက်စာမျက်နှာများနှင့် လမ်းကြောင်းများ (Web pages & Links) များကို ပြန်လည်ထုတ်ပေးလေ့ရှိသည့် Content Management System (CMS) စနစ်သုံး ဝက်ဘ်ဆိုက်များမှ ထွက်ပေါ်လာသည့် Link များမှာ ယခုလို ဖြစ်နေတတ်သည်။
http://www.example.com/Blogs/Posts.php?Year=2006&Month=12&Day=19
http://example.com/wiki/index.php?title=Page_title
ထိုသို့သော လမ်းကြောင်းများကို အောက်ပါအတိုင်း ပြန်လည်ရေးသားခြင်း (URL rewriting) ပြုလုပ်နိုင်သည်။
http://www.example.com/Blogs/2006/12/19/
http://example.com/wiki/Page_title
အကျိုးရလာဒ်များမှာ -

Webmaster စသည့် ဝက်ဘ်ဆိုက်တည်ဆောက်သူများ အနေဖြင့် ပုံသေလမ်းကြောင်း (Static Links) များဖြင့်သာ အင်တာနက်စာမျက်နှာများကို ချိတ်ဆက်သင့်သည်။ မဖြစ်မနေလိုအပ်သည့် နေရာနှင့် အခြေအနေများတွင်သာ Flash ဖိုင်များ၊ (Dynamic Links) လမ်းကြောင်းရှင်များကို ထည့်သွင်းတည်ဆောက် သင့်ပေသည်။ အကယ်၍ လမ်းကြောင်းရှင်များကို အသုံးပြုရသည့် အခါတွင်လည်း URL Rewriting နည်းလမ်းများကို အသုံးပြုသင့်သည်။ သို့မှသာ ဝက်ဘ်ဆိုက်ပိုင်ရှင် (Website Owners) များ၏ ရည်ရွယ်ချက်တစ်ခုဖြစ်သည့် “မိမိ၏ စီးပွားရေးလုပ်ငန်းဆိုင်ရာ အချက်အလက်များကို အင်တာနက် စာမျက်နှာများမှတဆင့် လူတိုင်း အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ရေး” ကို ကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။
Add new comment