Web developer တစ်ယောက်အနေနဲ့ ဝက်ဘ်ဆိုက်ဖန်တီးနေရင်း ပြဿနာ တစ်ခုမဟုတ် တစ်ခု ရင်ဆိုင် ကြုံတွေ့ရတတ်တာဟာ သဘာဝပါ။ ဒါဟာ လူတိုင်းတွေ့ရတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ အဲဒီလို ကြုံရလို့ စိတ်မပျက်ပါနဲ့။ ကိုယ့်လိုပဲ သူများတွေလည်း အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနေရတယ် ဆိုတာ နှလုံးသွင်း လက်ခံထားဖို့ လိုအပ်ပါတယ်။ ကိုယ်မေးမိတဲ့ မေးခွန်း၊ ကိုယ်ရှာနေတဲ့ အဖြေကို ကိုယ့်လိုပဲ တခြားသူတွေလည်း အကြိမ်ပေါင်းများစွာ မေးနေ၊ ရှာနေမယ်ဆိုတာ သိထားသင့်ပါတယ်။
အောက်မှာ ဖော်ပြထားတဲ့ အချက်တွေဟာ Drupal developer တစ်ယောက် ကြုံရတတ်တဲ့ ပြဿနာတွေကို အခြေခံပြီး ရေးထားတာပါ။ ဒါပေမယ့် တခြားသော Web Developer များအတွက်လည်း အသုံးဝင်မှာ သေချာပါတယ်။
ကိုယ်လုပ်နေတဲ့ ဆိုက်မှာ ရုတ်တရက် တစ်ခုခု အမှားအယွင်းဖြစ်သွားသလား။ ပုံမှန် အတိုင်းမဟုတ်ဘဲ တစ်ခုခု လွဲနေလား။ အဲဒီလို ဆိုရင်တော့ ခဏနားပါ၊ ပြီးတော့ ကိုယ် နောက်ဆုံး ဘာလုပ်ခဲ့သလဲ ပြန်စဉ်းစားပါ။ Module တစ်ခုခုကို Install သို့မဟုတ် Update လုပ်ခဲ့တာလား၊ တခြား ဘာအပြောင်းအလဲ လုပ်ခဲ့သေးလဲ ပြန်တွေးကြည့်ပါ။ ကိုယ်သုံးလိုက်တဲ့ Module က ကိုယ့်ရဲ့ Drupal version နဲ့ ကိုက်ညီမှု ရှိမရှိ ပြန်စစ်ဆေးပါ။ ဉပမာ − Drupal 7 အတွက် ရေးထားတဲ့ Views module ဟာ Drupal 6 မှာ သုံးလို့ ရမှာ မဟုတ်ပါဘူး။
Drupal ဟာ စနစ်တကျ တည်ဆောက်ထားတဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်တဲ့အတွက်၊ အမှားအယွင်းဖြစ်လာတဲ့ သူ့မှာ အခြေအနေ အမျိုးမျိုးအတွက် အမှားသတိပေးချက် Error Messages အမျိုးမျိုး မြင်ရမှာပါ။ Core Developer, Module Developer တွေက သူတို့ရေးတဲ့ Code တွေမှာတစ်ခါတည်း ထည့်ပေးထားတာ ဖြစ်ပါတယ်။
ကိုယ်လုပ်ထားတဲ့ Error Message Setting အနေအထားကို မူတည်ပြီး Error message မြင်ရတဲ့ အခြေအနေ မတူညီနိုင်ပါဘူး။ Web browser ပေါ်မှာ မြင်ရနိုင်သလို၊ Drupal Core မှာပါတဲ့ DB Log Module ကို Enable လုပ်ထားခဲ့မယ် ဆိုရင် အမှားသတိပေးချက်တွေကို "/admin/reports/dblog" ထဲမှာ တွေ့ရပါလိမ့်မယ်။ အမှားအယွင်း ရှာဖွေနေချိန်၊ Debugging လုပ်နေချိန်မှာဆိုရင်တော့ Drupal log ဖိုင်တွေ အပြင်၊ Apache Log, PHP Log ဖိုင်တွေကိုလည်း ဖွင့်ထားဖို့ လိုပါလိမ့်မယ်။ Apache, PHP log ဖိုင်တွေကို ကိယ့်ရဲ့ localhost, အွန်လိုင်းမှာ ဆိုရင်တော့ Web Hosting မှာ တွေ့နိုင်ပါတယ်။ မသိရင် ကိုယ့်ရဲ့ Hosting က Support ကို အီးမေးလ်နဲ့ မေးကြည့်လိုက်ပါ။
Log file တွေက အမှားရှာတဲ့နေရာပဲ ဖြစ်ဖြစ်၊ ကိုယ့်ဆိုက် အခြေအနေကို စီစစ်သုံးသပ် Analysis လုပ်တဲ့ အခါမှာပဲ ဖြစ်ဖြစ် တစ်ကယ် အသုံးဝင်ပါတယ်။
ဖြစ်လာတတ်တဲ့ ပြဿနာတွေမှာ −
စသည်အားဖြင့် နည်းမျိုးစုံ ပါရှိနိုင်ပါတယ်။
ကိုယ့် ဝက်ဘ်ဆိုက်မှ Alignment လွဲနေတယ်။ ပေါ်သင့်တဲ့ နေရာမှာ မဆိုင်တာတွေ မြင်နေရတယ်။ စာလုံးတွေက မလိုအပ်ဘဲ အကြီးအသေး မညီမညာ ဖြစ်နေတယ်၊ Block တွေက ကျွံထွက် (Overflow) ဖြစ်နေတယ်.. စတဲ့ ပြဿနာတွေ မြင်နေရတယ်ဆိုရင်တော့ HTML code တွေကို ပြန်စစ်ဖို့ လိုပါလိမ့်မယ်။ Log ဖိုင်တွေ ပြန်ကြည့်ပြီး ဘာကြောင့် ဒီအမှားတွေ ဖြစ်လာတာလဲ ပြန်စစ်ကြည့်ဖို့ လိုပါမယ်။ လိုအပ်ရင် ကိုယ့်ရဲ့ HTML code တွေကို validator.w3.org ရဲ့ HTML Validator နဲ့ စစ်ကြည့်ပါ။ အမှားတွေ အားလုံးကို ချက်ချင်းဖြေရှင်းဖို့ မဖြစ်နိုင်ပေမယ့် အရေးအကြီးဆုံး အရာတွေကိုတော့ ချက်ချင်း ဖြေရှင်းဖို့ လိုအပ်ပါလိမ့်မယ်။
တခါတလေ CSS style sheet ထဲက
လိုအပ်လို့ CSS rule အသစ်တွေ ရေးဖို့လိုလာရင် Drupal core CSS ဖိုင်တွေမှာ သွားမပြင်ပါနဲ့။ style.css ဖိုင်အသစ်တစ်ခုကို ကိုယ့်ရဲ့ Theme ထဲမှာ အသစ်ထပ်ရေးပြီး စိတ်ကြိုက် ပြင်ရေးပါ။
CSS ဖိုင်တွေကို စိတ်ကြိုက် ပြင်ဆင်ဖို့ အသုံးဝင်တဲ့ Tools တွေကတော့
တစ်ခါတစ်ရံ ကိုယ်ပြင်လိုက်တဲ့ အပြောင်းအလဲတွေကို Web Browser မှာ ချက်ချင်း မမြင်ရတတ်ပါဘူး။ အကြောင်းရင်းက အမျိုးမျိုး ဖြစ်တတ်ပါတယ်။ အများဆုံးဖြစ်တတ်တာကတော့ ကိုယ့် Web Browser ရဲ့ Cache (History) မှာ Setting အဟောင်းတွေ ကျန်နေသေးလို့ပါ။ အဲလို အချိန်မှာ Browser Cache တွေကို ရှင်းဖို့ လိုပါတယ်။
Drupal ဆိုက်တစ်ခု မှာဆိုရင်လည်း Performance ကောင်းစေချင်တဲ့အတွက် Resources တွေကို Cache လုပ်ထားတာ ရှိပါတယ်။ အဲဒါတွေကို မရှင်းရသေးရင် ကိုယ်ပြင်လိုက်တာကို ချက်ချင်း မမြင်ရပါဘူး။ Cache တွေကို ရှင်းဖို လိုပါတယ်။ Cache တွေကို ရှင်းနည်းကတော့ Drupal version ကို မူတည်ပြီး မတူပါဘူး။
ဆက်ရန်... To be continued...
Add new comment