တကယ်တော့ အခက်အခဲတွေ၊ ပြဿနာတွေဟာ ကြောက်စရာ၊ လန့်စရာတွေ မဟုတ်ပါဘူး။ အခက်အခဲတွေဟာ မြင်တတ်ရင်၊ ကိုင်တွယ်ဖြေရှင်းတတ်ရင် ငွေလည်း ဖြစ်နိုင်ပါတယ်။ အောင်မြင်မှုလဲ ဖြစ်နိုင်ပါတယ်။ လောကမှာ အောင်မြင်နေတဲ့ လူတိုင်း၊ လုပ်ငန်းရှင်တိုင်း၊ စီးပွားရေး အဖွဲ့အစည်းတိုင်းကို သေသေချာချာ လေ့လာကြည့်ရင် လူတွေရဲ့ အခက်အခဲနဲ့ ပြဿနာတွေကို နည်းလမ်း အမျိုးမျိုးနဲ့ ဖြေရှင်းပေးရင်း အောင်မြင်နေတာ မြင်ရပါလိမ့်မယ်။ လူတိုင်းမှာ ပြဿနာတွေ ရှိပါတယ်။ လူအများစု ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်သူ၊ ဒါမှမဟုတ် နည်းပညာတစ်ရပ်ဟာ အောင်မြင်မှုရမှာပါပဲ။
Web developer တွေရင်ဆိုင်ရလေ့ ရှိတဲ့ နိစ္စဓူဝ အခက်အခဲများနဲ့ ပြဿနာများ၊ အဲဒီ အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းရာမှာ အထောက်အကူ ဖြစ်စေတဲ့ နည်းလမ်းများကို အပိုင်းတစ်ဖြစ်တဲ့ "Troubleshooting Web Development Problems − Part One - Thinking, Reading, Validation, Styling and Caching" မှာ ပထမဆုံး ဝေမျှခဲ့ပြီးပါပြီ။ ဒီအပိုင်းမှာတော့ ကျန်တဲ့ အချက်တွေကို ဆက်ရေးသွားမှာ ဖြစ်ပါတယ်။
စနစ်တကျ ရေးသားထားတဲ့ ဆော့ဖ်ဝဲတိုင်းမှာ Documentation တွေ ပါရှိပါတယ်။ ဆော့ဖ်ဝဲတစ်ခု၊ ပရိုဂရမ်တစ်ခုကို ရေးလိုက်တဲ့ သူတိုင်းက အဲဒီဆော့ဖ်ဝဲကို
စသည်ဖြင့် စနစ်တကျ လမ်းညွှန်ထားလေ့ ရှိပါတယ်။ ဆော့ဖ်ဝဲ အငယ်စားလေးတွေမှာတော့ Read Me, Help စသည့်အားဖြင့် ဖိုင်အသေးလေးတွေ ထည့်ပေးထားတတ်ပါတယ်။
End User တစ်ယောက်အတွက် Read me file တွေဟာ အလွန်အသုံးဝင်ပါတယ်။ အဲဒီလိုပဲ Web Developer တစ်ယောက်အတွက်လည်း ကိုယ်သုံးတော့မယ့် Plugin, Module, Extension, Add-on တစ်ခုမှာ ပါလာတဲ့ Read me file တွေဟာ အလွန်တန်ဘိုးရှိပါတယ်။ များသောအားဖြင့် Read me file တွေမှာ ပါတတ်တာတွေကတော့
စတာတွေ ဖြစ်ပါတယ်။ ကိုယ်တည်ဆောက်နေတဲ့ ဝက်ဘ်ဆိုက်အတွက် လိုအပ်တဲ့ လုပ်ဆောင်ချက်တွေ ပါရှိတဲ့ Plugin, Module, Extension, Add-on တစ်ခုခုကို သုံးတော့မယ့် အချိန်တိုင်းမှာ ပါရှိတဲ့ Read me ဖိုင်ကို ဖတ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။Documentation, Read me ဖိုင် စတာတွေကို အရင်မဖတ်မိဘဲ အလျင်စလို Plugin, Module, Extension, Add-on တစ်ခုခုကို ချက်ချင်း သုံးမိလို့ အချိန်တွေ အများကြီး ဆုံးရှုံးသွားရတဲ့ အဖြစ်မျိုးတွေကို Developer တိုင်း တစ်ခါမဟုတ် တစ်ခါတော့ ကြုံဖူးပါလိမ့်မယ်။
Web Developer တစ်ယောက်ဟာ ပြဿနာရှာတတ်ဖို့လည်း အရေးကြီးပါတယ်။ သူများကို ပြဿနာရှာဖို့၊ ကိုယ့်အောက်က Junior Developer တွေကို ပြဿနာ ရှာဖို့ ပြောတာ မဟုတ်ပါဘူး။ ကိုယ်ရင်ဆိုင် ဖြေရှင်းနေရတဲ့ ပြဿနာအတွက် အဖြေကို အွန်လိုင်းမှာ ရှာတတ်ဖို့၊ အခြားသူတွေ ဖြေရှင်းထားတဲ့ ရလာဒ်တွေကို လေ့လာဖို့၊ အင်တာနက်မှာ ရှာဖွေ စူးစမ်းကြည့်ဖို့ ဆိုလိုတာပါ။ အဲဒီလို ရှာဖွေတဲ့ နေရာမှာတော့ Google ဟာ အကောင်းဆုံး ဖြစ်ပါတယ်။ Google မှာ ရှာတဲ့ အခါ အောက်ပါ အချက်တွေကို သတိထားဖို့ လိုအပ်ပါလိမ့်မယ်။
Database ကို အသုံးပြုထားတဲ့ Dynamic Website တစ်ခုမှာ Database Error တက်တာ မဆန်းပါဘူး။ အဲဒီ Database Error တွေကို ဖြေရှင်းတဲ့ အခါမှာ လိုအပ်ရင် ကိုယ်သုံးထားတဲ့ Plugin, Module, Extension, Add-on တွေရဲ့ Source Code တွေကိုလည်း စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်ရံမှာ Database Version အကူအပြောင်းကြောင့် သုံးထားတဲ့ Plugin, Module, Extension, Add-on တွေ အလုပ် မလုပ်တော့တာ၊ လိုချင်တဲ့ အဖြေ ထွက်မလာတော့တာမျိုး ဖြစ်တတ်ပါတယ်။ အများအားဖြင့် Hosting provider ဘက်က Database versions upgrade လုပ်လိုက်တဲ့အချိန်၊ ကိုယ့်ဘက်ကလည်း အကြောင်း အမျိုးမျိုးကြောင့် Plugin, Module, Extension, Add-on တွေကို Ungrade မလုပ်နိုင်သေးတဲ့ အချိန်မျိုးမှာ ဖြစ်တတ်ပါတယ်။
Drupal မှာတော့ Database ဆိုင်ရာ ပြဿနာတွေဟာ module တွေကနေ လာတတ်ပါတယ်။ အဲဒီလို အခါမှာ သက်ဆိုင်ရာ Module code နဲ့ Database Table တွေကို သေချာစွာ စစ်ဆေးပြီး သဲလွန်စ ရှာဖို့ လိုပါလိမ့်မယ်။ တခါတလေမှာ ပြဿနာဟာ တခြား Module တစ်ခုကြောင့် ဖြစ်တတ်တာကိုလည်း သတိထားဖို့ လိုပါမယ်။
ဆက်ရန်... To be continued...
Add new comment