CMS ဆိုတာ Content Management Systems ရဲ့ အတိုကောက် စာလုံးပါ။ အင်တာနက်မှာတော့ Web site တစ်ခုမှာ ပါရှိတဲ့ အကြောင်းအရာ (Content) တွေကို စနစ်တကျ ဖန်တီး စီမံခန့်ခွဲ ထိန်းသိမ်း ပြုပြင် အသုံးချ (Systematically Create, Manage, Maintain, Repair & Apply) ဖို့အတွက် အသုံးပြုနိုင်တဲ့ ဆော့ဖ်၀ဲစနစ်တွေကို Web CMS Software တွေလို့ ခေါ်ပါတယ်။ Drupal ဟာ အဲဒီလို CMS တွေ အများကြီးထဲက တစ်ခုပါ။ ဒီဆောင်းပါးမှာ Content Management Systems တွေရဲ့ အသက်ဖြစ်တဲ့ Content တွေ အကြောင်းနဲ့ CMS အကြောင်းကို လေ့လာကြမှာ ဖြစ်ပါတယ်။
CMS အကြောင်း ပြောမယ်ဆိုရင် Content တွေ အကြောင်းကို အရင် သိထားမှ ရပါမယ်။ Content ဆိုတာ ဘာမဆို ဖြစ်နိုင်ပါတယ်။ Container တစ်ခုထဲမှာ ထည့်သွင်းထားနိုင်တဲ့ နောက်ထပ် အရာ၀တ္ထု တစ်ခုခု၊ အကြောင်းအရာ တစ်ခုခုဟာ အဲဒီ Container ရဲ့ Content ပါပဲ။ ဥပမာ -
ဒီလောက်ဆိုရင်တော့ ကျွန်တော်တို့ Web Content တွေအကြောင်း ဆက်လေ့လာလို့ ရပါပြီ။
အင်တာနက် Web site တစ်ခုထဲမှာ ပါတဲ့ အချင်းအရာများအားလုံးဟာ Web Content တွေပါ။ Web Content ဆိုတာကို အကြမ်းဖျင်းပြောရရင် ၀က်ဘ်ဆိုက် သို့မဟုတ် ၀က်ဘ်ဆော့ဖ်၀ဲ တစ်ခုမှာ ပါတဲ့ - စာ၊ ရုပ်ပုံ၊ အသံ နဲ့ လှုပ်ရှားမှု (Text, Images, Sounds and Animations) တွေပါပဲ။
ဒီထက်ပိုပြီး အသေးစိတ်ပြောရရင် - စာရွက်စာတမ်းများ၊ အချက်အလက်များ၊ အသုံးချ ဆောဖ့်၀ဲများ၊ အီလက်ထရောနစ် ၀န်ဆောင်မှုများ၊ သရုပ်ဖော်ပုံများ၊ အသံဖြင့် ဖော်ပြချက်များ၊ ရုပ်သံဖော်ပြချက်များ၊ တကိုယ်ရေ အင်တာနက် စာမျက်နှာများ၊ အီးမေးလ်များ စသည်ဖြင့် (documents, data, applications, e-services, images, audio and video files, personal web pages, archived e-mail messages, etc) အင်တာနက် ၀က်ဘ်ဆိုက်/ အသုံချ ၀က်ဘ်ဆော့ဖ်၀ဲ (Web site/ Web applications) များမှာ ထည့်သွင်း အသုံးချနိုင်တဲ့ အရာများအားလုံးဟာ Web Contents တွေ ဖြစ်ပါတယ်။ (အသေးစိတ်ဖတ်ရန် - Web content from Wikipedia)
Content တွေကို စနစ်တကျ စီမံခန့်ခွဲ၊ ဖန်တီးထိန်းသိမ်းနိုင်ဖို့ ဆိုတာ ဘယ်နေရာမှာဖြစ်ဖြစ် အရေးကြီးပါတယ်။ ဥပမာ - ကိုယ့်အိမ်မှာ ရှိတဲ့ အိမ်သုံးပစ္စည်း (Content) တွေကိုလည်း စီမံခန့်ခွဲတတ်ဖို့ အရေးကြီး ပါတယ်။ ရုံးတစ်ရုံးမှာ ရှိတဲ့ စာရွက်စာတမ်းတွေ၊ စာအ၀င်အထွက်တွေကို စနစ်တကျ ထိန်းချုပ်တတ်ဖို့ အရေးကြီးပါတယ်။ Content တွေ များလာလေလေ စနစ်တကျ စီမံခန့်ခွဲတတ်ဖို့ ပိုပြီး အရေးကြီးလာလေပါပဲ။ အဲဒါကြောင့် Content Management Systems (CMS) များရဲ့ အခန်းကဏ္ဍဟာ အရေးပါလာပါတယ်။ CMS စနစ်တွေက Web Content Management System) နဲ့ Enterprise content management systems စသည်ဖြင့် အမျိုးမျိုး ရှိနေနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ Web CMS တွေအကြောင်းပဲ ဦးစားပေး ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဥပမာ -
အဲဒီအတွက်ကြောင့် Web site တစ်ခုရဲ့ Content တွေကို စနစ်တကျ စီမံထိန်းချုပ်နိုင်တဲ့ CMS ဆော့ဖ်၀ဲတွေကို အသုံးပြုလာတာ ဖြစ်ပါတယ်။
အင်တာနက် စွယ်စုံကျမ်း Wikipedia မှာ Content Management Systems (CMS) ကို အခုလို အဓိပ္ပါယ် ဖွင့်ထားပါတယ်။
A content management system (CMS) is the Collection of Procedures used to manage work flow in a collaborative environment.
ဆိုလိုတာကတော့
Content management system (CMS) ဆိုတာ အများနဲ့ စုပေါင်းလုပ်ဆောင်ရတဲ့ ပတ်၀န်းကျင်တစ်ခုမှာ ဆောင်ရွက်ရမယ့် လုပ်ဆောင်ချက် အစီအစဉ်တွေကို စီမံခန့်ခွဲဖို့အတွက် အသုံးပြုတဲ့ လုပ်ငန်းအစီအစဉ် အစုအေ၀း (Collection of Procedures) ပါပဲ။
အဲဒီ လုပ်ဆောင်ချက် အစီအစဉ်တွေဟာ လက်နဲ့ကိုင်တွယ် လုပ်ဆောင်ရတဲ့ စနစ် (Manually) သို့မဟုတ် ကွန်ပျူတာ အခြေခံထားတဲ့ စနစ် (Computer based) ဆိုပြီး နှစ်မျိုး ဖြစ်နိုင်ပါတယ်။
CMS တစ်ခုမှာ ပါတဲ့ လုပ်ဆောင်ချက် အစီအစဉ်များဟာ အောက်ပါ အချက်တွေကို ဆောင်ရွက်ပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး ဒီဇိုင်းလုပ်ထားတာ ဖြစ်ပါတယ်။
(အသေးစိတ် ဆက်လက်လေ့လာနိုင်ရန် - CMS from Wikipedia)
CMS တစ်ခုမှာ ပါတဲ့ အချက်အလက်တွေဟာ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ စာရွက်စာတမ်းများ၊ ရုပ်ရှင်များ၊ အသံများ၊ ရုပ်ပုံများ၊ တယ်လီဖုန်း နံပါတ်များ၊ သိပ္ပံဆိုင်ရာ အချက်အလက်များ (documents, movies, pictures, phone numbers, scientific data, etc) စသည်ဖြင့် ပုံစံမျိုးစုံ ဖြစ်နိုင်ပါတယ်။ အဲဒီ အချက်အလက်တွေကို သိမ်းဆည်းခြင်း၊ ထိန်းချုပ်ခြင်း၊ ပြန်လည်ကြည့်ရှုခြင်း၊ တိုးပွားအောင် ပြုလုပ်ခြင်း၊ လူအများအသုံးပြုနိုင်စေရန် ပြုလုပ်ခြင်း (storing, controlling, revising, semantically enriching, and publishing documentation) စတဲ့ လုပ်ငန်းတွေ ပြုလုပ်နိုင်ဖို့ အတွက် CMS တွေကို သုံးပါတယ်။
CMS တွေဟာ ကိုင်တွယ်ထိန်းသိမ်းပေးထားတဲ့ အချက်အလက်များအတွက် ဗဟိုထိန်းချုပ်ရေး စနစ်များအဖြစ် အလုပ်လုပ်ပေးပါတယ်။ ရှိပြီးသား ဖိုင်တစ်ခုကို နောက်ထပ်ပြင်ဆင်တာမျိုးတွေ ပြုလုပ်တဲ့အခါမှာလည်း Update ဖြစ်လာတဲ့ အချက်အလက်တွေနဲ့ အရင်ရှိပြီးသား အချက်အလက်တွေကြားမှာ Version Control ကိုလည်း လုပ်ပေးပါတယ်။ Version Control ပြုလုပ်နိုင်ခြင်းဟာ CMS တွေကို အသုံးပြုလို့ ရရှိလာတဲ့ အကျိုးအမြတ်တစ်ခု ဖြစ်ပါတယ်။
CMS တွေကို ကျွန်တော်တို့ ဘာကြောင့် သုံးကြတာလဲ။ ကျွန်တော်တို့ရဲ့ Content တွေကို စနစ်တကျ စီမံခန့်ခွဲ ထိန်းချုပ်ချင်လို့ CMS တွေကို သုံးကြတာပါ။ အဲဒါကြောင့် ကိုယ့်လုပ်ငန်းအတွက် CMS တစ်ခုကို သုံးဖို့လိုအပ်လာပြီလို့ ယူဆတဲ့အခါမှာ၊ ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီတဲ့ CMS ကို အသေအချာ ရွေးချယ်ဖို့ အရေးကြီးပါတယ်။ အဲဒီလို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့ ကိုယ့်လုပ်ငန်းရဲ့ လက်ရှိအခြေအနေ (Business)၊ သုံးထားတဲ့ အချက်အလက်များ (Data Sources)၊ ရှေ့ဆက်ဖွံ့ဖြိုးလာမယ့် အနေအထား (Future Development) အစရှိတဲ့ အချက်အလက် များစွာကို စနစ်တကျ ထည့်သွင်းစဉ်းစားပြီးမှ ရွေးချယ်ဖို့ လိုအပ်ပါမယ်။ ဒီအပိုင်းကတော့ Professional များရဲ့ အလုပ်ဖြစ်လာပါပြီ။ Professional တစ်ဦးအနေနဲ့ ကိုယ့်ကိုလုပ်ငန်း အပ်လာတဲ့ လုပ်ငန်းပိုင်ရှင်ရဲ့ လုပ်ငန်းအနေအထားနဲ့ လိုအပ်ချက်များကို ညှိနှိုင်းစဉ်းစားပြီး အသင့်တော်ဆုံး Content Management System တစ်ခုကို ရွေးချယ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။
Enterprise content management systems နဲ့ Web Content Management System ဆိုပြီး အမျိုးအစား နှစ်ခု ရှိတဲ့အနက် Web Content Management System များအကြောင်းကို နောက်တစ်ပိုင်း အနေနဲ့ ဆက်လေ့လာကြပါမယ်...
Resources
- Web Content from Wikipedia
- Content Managemet System from Wikipedia
Comments
twwp (not verified)
Tue, 04/03/2012 - 04:09
Permalink
good .
good .
Add new comment