Submitted by everlearner on Sat, 05/19/2012 - 09:00
We can't see the future of a person, is it?
Here is an example of CEO & President of HTC, Mr. Peter Chou (Burmese name U Win Thant) who was born in 1953, in Mandalay, lived till 1981, before he went to Taiwan. More info about his bio at - http://goo.gl/DWqGm
Today he was presenting about his experiences at a Seminar in Yangon, Myanmar Info Tech. I believe the attendees and young people can get some worthy experience and advices from him.
Submitted by everlearner on Sun, 05/13/2012 - 10:43
ဦးနှောက်ကောင်းတဲ့သူ တော်တဲ့သူတွေကတော့ သူ့ထက်တော်တဲ့သူကိုပဲ အားကိုးချင်တာ လိုချင်တာပါ။ လူတစ်ယောက် ဒါမှမဟုတ် တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် တော်တဲ့သူတွေ၊ ဉီးနှောက်ကောင်းတဲ့ သူတွေနဲ့ နေ့ရော ညပါ အတူတူ အလုပ်လုပ်တဲ့ နည်းထက်ကောင်းတဲ့နည်းလမ်း မရှိတော့ပါဘူး။
မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ နေရာတွေ အချိန်ကာလတွေမှာတော့ တကယ်တတ်သိတဲ့ ပညာရှင်တွေ ဘေးရောက်ဦးမှာပါပဲ။ အမှန်တရားကို မြတ်နိုးတဲ့ သူတွေက ပညာရှင်တွေကို ချစ်တယ် အားကိုးတယ်။ အဲဒါနဲ့ ဆန့်ကျင်ဘက်တွေကတော့ ဘေးနားမှာ နားဝင်ချိုစရာလေးတွေ ပြောပေးပြီး အလိုလိုက် အကြိုက်လုပ်ပေးတဲ့သူတွေကိုပဲ သဘောကျတယ်။ ပညာရှင်တွေကလည်း အဲလို မလုပ်တတ် မလုပ်ချင်သူတွေဆိုတော့ နောက်ဆုံးမှာ ပညာရှင်ကို Welcome လုပ်ပြီး ပျော်အောင်ထားတဲ့ နေရာတွေကို ရောက်ကုန်တာပါပဲ။
Submitted by everlearner on Sun, 04/22/2012 - 02:31
Mosh ဆိုတာ မကြာသေးမီကမှ မက်ဆာချုးဆက် နည်းပညာတက္ကသိုလ် MIT က အင်ဂျင်နီယာ Keith Winstein နဲ့ Anders Kaseorg, Quentin Smith, Richard Tibbetts, Keegan McAllister တို့ အတူတူ ရေးသား တီထွင်ခဲ့တဲ့ Remote Terminal application တစ်ခုပါ။ ဒီဆော့ဖ်ဝဲလေးဟာ Roaming ပြုလုပ်တာကို အထောက်အပံ့ပေးပြီး၊ ပြတ်တောင်းပြတ်တောင်း ဖြစ်နေတဲ့ ဆက်သွယ်မှု (intermittent connectivity) တွေမှာလည်း ကောင်းကောင်း အလုပ်လုပ်ပါတယ်။ မြန်မာပြည်လို အင်တာနက် နှေးတဲ့နေရာမှာ၊ Mobile ဖုန်းလိုင်းက အင်တာနက်ကို ပြန်ပြီး Share လုပ် သုံးနေရတဲ့ နေရာတွေအတွက် Mosh ဟာ အလွန် အသုံးတည့်လာနိုင်ဖွယ်ရာ ရှိပါတယ်။
Pages
မှတ်ချက်များ