Submitted by everlearner on Thu, 01/26/2012 - 09:02
ကျွန်တော်တို့ အလုပ်လုပ်တဲ့အခါ တခါတရံ မလိုအပ်ဘဲ ပတ်ဝန်းကျင်ကို အရမ်းထည့်တွက်နေမိ တတ်ကြပါတယ်။ အဲဒီလိုဆိုရင် ပတ်ဝန်းကျင်ကို လုံးဝ လစ်လျုရှုထား လိုက်ရတော့မလားလို့ မေးစရာ ရှိလာပါတယ်။ တကယ်တော့ ပတ်ဝန်းကျင်ကို နေရာတိုင်း၊ အချိန်တိုင်းမှာ ထည့်တွက်စရာ မလိုပါဘူး။
ဘယ်လိုအချိန်မှာ ပတ်ဝန်းကျင်က အရေးကြီးပြီး ဘယ်အချိန်တွေမှာ ပတ်ဝန်းကျင်ကို ဂရုစိုက်စရာ မလိုသလဲဆိုတာ သိထားရင် ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေ ပိုပြီး တွင်ကျယ်လာပါ လိမ့်မယ်။
Submitted by everlearner on Tue, 01/24/2012 - 09:12
ကျွန်တော်တို့ရဲ့ ဘဝခရီးလမ်းတစ်လျှောက်မှာ တစ်ခုခု လုပ်မယ်ကြံတိုင်း အတားအဆီးတွေ ရှိနေတာ ကြုံဖူးမှာပါ။ အဲဒီ အတားအဆီးတွေကို အုပ်စုခွဲကြည့်ရင် အပြင်ကလာတဲ့ အတားအဆီးနဲ့ အတွင်းကလာတဲ့ (ကိုယ့်ကြောင့် ဖြစ်တဲ့) အတားအဆီးတွေဆိုပြီး နှစ်စု တွေ့ရပါလိမ့်မယ်။
အရိုးသားဆုံး ကိုယ့်ကိုယ်ကို ပြန်မေးကြည့်/ဖြေကြည့်ပါ။ "ကိုယ့်ကိုယ်ကို ဘယ်နှစ်ကြိမ်လောက် ပြန်တားဆီး ထားမိပြီလဲ"။ ကိုယ့်ကိုယ်ကို ပြန်တားဆီးထားမိလို့ မလိုအပ်ဘဲ ကြန့်ကြာနေရတဲ့ အကြောင်းရင်းတွေနဲ့ အဖြေတွေကို အခုလို လေ့လာ အသုံးပြု နိုင်ပါတယ်။
Submitted by everlearner on Thu, 04/28/2011 - 04:23
DrupalCon (Drupal Confrences) are really interesting events for Drupal people around World.
"DrupalCon is an international event that brings together the people who use, develop, design, and support the Drupal platform."
An excerpt from Drupalcon Chicago website
Submitted by everlearner on Sat, 04/02/2011 - 07:26
ကျွန်တော်တို့ အခြေခံပညာ အဆင့်မှာ သင်ခဲ့ရတဲ့ သင်္ချာဘာသာရပ်တွေထဲက အချို့ဟာ နေ့စဉ်ဘ၀မှာ ချက်ချင်းကို အသုံးကျပါတယ်။ ဆယ်တန်းမှာ သင်္ချာသင်ရတဲ့ အချိန်က Sequence & Series ကို သင်ရတော့ ပုံသေနည်းတွေ၊ Function တွေထုတ်ပြီး ပုစာၦတွေ အဖြေထုတ်ရတာ အတော်လေး စိတ်၀င်စားစရာ ကောင်းပြီး၊ ပျော်စရာလည်း ကောင်းပါတယ်။ ဒီဆောင်းပါးမှာ အဲဒီ သင်္ချာသင်ခန်းစာတွေနဲ့ Computer Software Programming ဆက်စပ်မှုတွေ၊ နေ့စဉ်လူမှုဘ၀နဲ့ ဆက်စပ်နေတာတွေကို စဉ်းစားကြည့်ကြရအောင်။ ဒါမှ ကျောင်းသင်ခန်းစာတွေကို ပိုပြီး တန်ဘိုးထား နားလည်နိုင်လိမ့်မယ် ၊ ကိုယ့်အတွက် မဖြစ်နိုင်တော့ရင်တောင် ညီ/ညီမငယ်တွေကို ပြန်ပြီး ေ၀မျှနိုင်မယ်လို့ ယုံကြည်
Pages
မှတ်ချက်များ